လျှပ်ပန်းမီးမျိုးဆက်သစ်လူငယ်လေးများရဲ့ လျှပ်ပန်းမီးဖြစ်ပါတယ်။
ခွန်တန်မီးဒီနှစ်မှစတင်ဝင်ရောက်ယှဉ်ပြိုင်လာတဲ့ မျိုးဆက်သစ် လူငယ်အဖွဲ့တစ်ဖွဲ့ကတော ခွန်တန်မီး ဖြစ်ပါတယ်။ ညမီးကြီး အမျိုးအစားဖြစ်ပြီး မျိုးဆက်သစ်တွေအနေနဲ့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာ အစဉ်အလာမပြတ်စေဖို့နဲ့ လူငယ်များ အတူပါဝင်ဆင်နွဲဖို့ ဆိုတဲ့ ခံစားချက်နဲ့ ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
တောင်ကြီးမီးလေးကြိမ်တိုင်တိုင် ပြီးမြောက်အောင်မြင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် နှစ်သိမ့်ဆုအမှတ် (၇) အဖြစ် ဆုရရှိဖူးသည့်မီး ဖြစ်ပါသည်။ ဗုံးစင်္ကြာ ကို စတင်တီထွင် သုံးစွဲ ခဲ့ပါသည်။ မီးအဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာ ပြုလုပ်နိုင်ခဲ့၍ နှစ်စဉ်ရိုးရာမပျက် ပါဝင်ဆင်နွဲနိုင်ခဲ့ပြီး ပျော်ရွှင်မှုများရရှိခဲ့ကြောင်း ဆိုပါသည်။
အိုတိုးမီးညမီးကြီး အိုတိုး သည် ၂၀၀၆ ခုနှစ်မှ စတင်၍ ပါဝင်ဆင်နွဲခဲ့ပြီး ၂၀၀၇ခုနှစ်တွင် သတ္တမဆုရမီးလည်း ဖြစ်ပါသည်။ ယမ်းမီးနှင့် ဒီဇိုင်းအတွက် အဖွဲ့ခေါင်းဆောင် ဦးဇော်မင်းက တာဝန်ယူမည်ဖြစ်ပြီး အိုတိုးမီး အဖွဲ့သားများက ဦးကြီးခမ်းရပ်ကွက် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။
အိုဇုန်းမီး အဖွဲ့သားများက “အပျိုးတွေ မသုံးတဲ့ အိုဇုန်း” လို့ တင်စားပြီး ပရိသတ်များကို ရင်သပ်ရှုမောစေမည့် အိုဇုန်းမီး ကို မီးဆရာ အဖြစ် အဖွဲ့ခေါင်းဆောင် ကိုစိုင်းအောင်၊ မီးပုံးပျံကြီး၏ ဒီဇိုင်းကို ကိုမိုး( Media) နှင့် အိုဇုန်းမီးအဖွဲ့သားများက ၀ိုင်းဝန်းကြိုးပမ်း ထားကြပါသည်။
...
နေ့လွတ် အရုပ် ခြေနှစ်ချောင်း ၁. တိမ်ဖော်မီး ၂. လမ်းမတော်မီး ၃. ရွှေဖုန်းမီး နေ့လွတ် အရုပ် ခြေလေးချောင်း ၁. ဟိုင်းဖိုင်းမီး ၂. ရွှေဖုန်းမီး ၃. ချန်ကူးမီး ...
၂၀၁၀ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ - အိုဇုံးမီး ...
၂၀၁၀ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ - ဓါတ်ခဲမီး ...